မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့်မှ ယူနီကုဒ်ဖောင့်အဖြစ် ပြောင်းလဲပြသပေးခြင်း သက်သက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ တင်ထားတဲ့ သတင်းတစ်ပုဒ်ချင်းတိုင်းရဲ့အောက်ဆုံးမှာ အဲ့သတင်းကို ဘယ်သတင်းဌာနကနေ ယူပြီး ဖော်ပြပေးပါတယ်ဆိုတဲ့ သတင်းဌာနနာမည်ကို အမြဲတမ်း ထည့်ရေးထားပေးပါတယ်။ အခုလို ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ဝက်ဘ်စာမျက်နှာကို ပြုလုပ်ရတဲ့ အဓိကအကြောင်းပြချက်ကတော့ မြန်မာနိုင်ငံမှာ ကွန်ပြူတာသုံး စံမြန်မာစာစနစ် ရှိနေတဲ့အချိန်မှာ ရှေ့ဆောင်လမ်းပြ ပြောင်းလဲပေးရမယ့် သတင်းဂျာနယ်တိုက်တွေက ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို သုံးသွဲသူအကြိုက် ဇော်ဂျီနဲ့သာ သတင်းတွေ တင်ပေးနေကြပြီး စံမြန်မာစာစနစ်ကို လျစ်လျှူရှုထားတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် မြန်မာတစ်နိုင်ငံလုံး ယူနီကုဒ်သုံးစွဲတဲ့အချိန် (သို့မဟုတ်) ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ သတင်းဂျာနယ်တိုက်တွေက ယူနီကုဒ်နဲ့ သတင်းများကို တင်ပြပေးတဲ့အချိန်မှာ အလိုက်တသိနဲ့ ကျွန်တော်တို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနှင့်တကွ ဒီဝက်ဘ်စာမျက်နှာကိုပါ အလိုအလျောက် ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။
ယူနီကုဒ်အသုံးပြုသူများနှင့် ယူနီကုဒ်ပြောင်းလဲသုံးစွဲရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်လောက် ပါဝင်ကူညီခွင့် ရရှိတာကိုပဲ ဂုဏ်ယူကျေနပ်နေရင်းနဲ့
လေးစားစွာဖြင့်
စီမံကြီးကြပ်ကွပ်ကဲမှုအဖွဲ့။
Featured Post
ရည်ရွယ်ချက်
မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...
Search in this blog
Sunday, February 26, 2017
ရည်ရွယ်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment