Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Wednesday, March 1, 2017

မွေးလူနာတင်ဆောင်လာသည့် Ambulance ကားနှင့် ရွှေမန်းသူ ခရီးသည်တင်ယာဥ်တို့ ယာဥ်တိုက်မှု ဖြစ်ပွား

နေပြည်တော်၊ မတ် ၁။

မွေးလူနာတင်ဆောင်လာသည့် လူနာတင်ယာဥ်နှင့် ရွှေမန်းသူ ခရီးသည်တင်ယာဥ်တို့သည် မတ်လ ၁ ရက်နေ့၊ နေ့လည် ၁ နာရီ ၃၅ မိနစ်အချိန်က နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ အနီးရှိ မီးပွိုင့်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည်။

ယာဥ်တိုက်မှုကြောင့် မွေးလူနာနှင့် ခရီးသည်တင်ယာဥ်ပေါ်လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်မှု မရှိ ကြောင်း သိရှိရသည်။

“ကျွန်တော်က လယ်ဝေးဘက်ကနေ မွေးလူနာ တင်ပြီး အရေးပေါ်အချက်ပြမီးဖွင့်ပြီး မောင်းလာခဲ့တာပါ။ ဥတ္တရသီရိ ဆေးရုံကို သွားဖို့ပါ။ မီးပွိုင့် မီးကလည်း ဝါနေတာနဲ့ အရေးပေါ်ဖြတ်မောင်းလိုက်တာ။ မွေးလူနာလဲ ထိခိုက်မှုမရှိပါဘူး။ ကျွန်တော်လည်း ဘာမှ မထိခိုက်ပါဘူး။ ကားတော့ ဘယ်ဘက်ခြမ်းပိန်သွားတယ်”ဟု Ambulance ကား ယာဥ်မောင်းက ပြောသည်။

ရွှေမန်းသူ ခရီးသည်တင်ယာဥ်သည် မန္တလေး - နေပြည်တော် - တောင်ငူ ခရီးစဥ်ဖြစ်ပြီး မန္တလေးမှ နံနက် ၉ နာရီ ထွက်လာသည့် ယာဥ်ဖြစ်သည်။

“မီးစိမ်းနေတော့ အေးအေးဆေးဆေး မောင်းလာတာ။ သူက မီးနေတဲ့ အချိန်မှာ ကောက်အသံပေးပြီးတော့ ထွက်လာတဲ့ အချိန်မှာ ကျွန်တော့်ကားအရောက်နဲ့ ကျွန်တော့ကားညာဘက်ခြမ်းကို ဝင်ဆောင့်တာဗျ။ ခရီးသည်တွေလဲဘာမှ မဖြစ်ဘူး။ ကျွန်တော်လဲ ဘာမှ မဖြစ်ဘူး။ စပါယ်ယာလဲ ဘာမှ မဖြစ်ဘူး”ဟု ရွှေမန်းသူ ယာဥ်မောင်းက ပြောသည်။

ဖြစ်စဥ်ကြောင့် နှစ်ဘက်ကျေအေးမှုများရှိပါက နေပြည်တော်ကောင်စီ စီမံချက်အရ သတ်မှတ်ထားသည့် ဒဏ်ကြေးငွေဖြင့်သာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဥ်မှုစစ် ရဲအုပ် အေးဇော်ဝင်းက ရှင်းပြ ပြောဆိုသည်။

“လူနာတင်ယာဥ်ဟာ မီးဝါတဲ့ အချိန်မှာ ဖြတ်ပြီးတော့ မောင်းတာလာတယ်။ ရွှေမန်းသူကားကတော့ မီးစိမ်းတဲ့ အချိန်မှာ ဖြတ်ထွက်တယ်။ လူသေ ထိခိုက် ဒဏ်ရာရရှိမှုမရှိတဲ့ အတွက်ကြောင့် သူတို့ တစ်ဦးနဲ့ တစ်ဦး ပြေလည်ပေးမယ်။ သူတို့တစ် ယောက်နဲ့ တစ်ယောက် နားလည်မှု မရှိဘူးဆိုရင်တော့ ကျနော် အမှုဖွင့်ပြီး ဆောင်ရွက်ပေးသွားမယ်”လို့ ရဲအုပ်အေးဇော်ဝင်းက ပြောသည်။

ကြယ်စင်ခ
Central News Myanmar

#သစ်ထူးလွင်


No comments:

Post a Comment