သမီးဖြစ်သူကိုဖခင်ဖြစ်သူကညစဥ်သားမယားပြုကျင့်တဲ့မြောက်ဥက္ကလာပမြို့နယ်ကအမှု ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလို့ အလုပ်နှင့်ထောင်ဒဏ် နှစ် ၃ဝ ချမှတ်လိုက်ပါတယ်။
ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ၁၄ တရားခွင်တွင် ပြစ်မှုကြီးအမှု အမှတ် ၃၃၄/၂ဝ၁၆ နှင့် တရားလို ဒေါ်သန်းသန်းဝေ က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၇၇ဖြင့် ရွှေ ထွန်း(၄၁)နှစ်ကိုအရေးယူပေးဖို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကတရားစွဲဆိုတင်ပို့ခဲ့တဲ့အ မှုဖြစ်ပါတယ်။
အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတာကြောင့် ပြစ်မှုကျူးလွန်သူ ရွှေထွန်း(၄၁)နှစ်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)အရ အလုပ်နှင့်ထောင်ဒဏ် ၂ဝ နှစ်ကျခံ စေရန်နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇(သဘာဝနှင့်ဆန့်ကျင်သည့်ကာမရယူမှု)အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်ကျခံစေရန် အမှုစစ်တရားသူကြီးက ယနေ့အမိန့်ချပါတယ်။ ပြစ်ဒဏ်နှစ်ရပ်ကို သီးခြားစီကျခံစေရန်အမိန့်ချတာကြောင့်စုစုပေါင်းထောင်ဒဏ် နှစ်သုံးဆယ်ကျခံရမှာဖြစ်ပါတယ်။
လူမွန်
#ကုမုဒြာ
Featured Post
ရည်ရွယ်ချက်
မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...
Search in this blog
Friday, March 10, 2017
ဖခင်ဖြစ်သူကညစဥ်သားမယားပြုကျင့်လို့ထောင်ဒဏ်နှစ် ၃ဝ ချ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment