ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာနှင့် ဟိုနား (အာခါ) ကျေးရွာကြားတွင် မတ်လ (၇) ရက်နေ့ နေ့လယ် (၁)နာရီခွဲခန့်က အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ နေရာတွင် အမျိုးသမီး အလောင်းတွေ့ရကြောင်း သတင်းအရ ဝမ်တုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင် ဦးအိုက်ဖုန်းက ဝမ်ပုံနယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့နှင့် သက်ဆိိုင်ရာ တာဝန်ရှိသူများသည် နေ့လယ် (၁)နာရီ (၄၅)မိနစ်ခန့်က အခင်းဖြစ်နေရာသို့ ရောက်ရှိ စစ်ဆေးကြောင်း သိရသည်။
သေဆုံးနေသည့် အလောင်းမှာ အသက် (၅၃)နှစ်အရွယ် ဒေါ်ပါလူ (ခ) ဒေါ်နန်းလူ ဖြစ်နေပြီး တာချီလိတ်မြို့နယ် ဝမ်ပုံရွာတွင် နေထိုင်ကာ လယ်လုပ်သူဖြစ်ကြောင်း နှင့် ၎င်းတွင် ဦးခေါင်း ဖူးရောင် ဒဏ်ရာများ၊ လက်နှင့်ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာများ၊ နောက်ကျောတွင် ထိုးသွင်း ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အလောင်းအား တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်ထားပြီး ဝမ်ပုံနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဥ် (ပ) ၂/၂ဝ၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း နှင့် ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Featured Post
ရည်ရွယ်ချက်
မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...
Search in this blog
Tuesday, March 7, 2017
တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် သတ်ခံထားရသည့် အမျိုးသမီးအလောင်းတွေ့ရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment