Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Tuesday, March 7, 2017

ကနီမြို့နယ် ​ဇီးဖြူ ကုန်​းရွာ အ​နောက်​ဘက် ဖရဲခင်းထဲမှာ ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးတွေ့ရှိ

သတင်း - ဓါတ်ပုံ ။ ။ Pyae Aung Naing Kani

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့(၇.၃.၂ဝ၁၇)ရက်​​နေ့ နံနက်​(၈:၀ဝ)အချိန်​က စစ်ကိုင်းတိုင်း ကနီမြို့နယ်​ ဇီးဖြူကုန်းရွာ အ​နောက်​ဘက် ​(၂)ဖာလုံခန့်အကွာမှာ တရုတ်​လူမျိုးများ စိုက်​ပျိုးထား​သော ဖရဲခင်းထဲမှာ ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးငယ်တစ်ဦး တွေ့ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကလေးငယ်အား ဇီးဖြူကုန်း​ကျေးရွာ​နေ ဖခင်​ ဦး​ကျော်​ဆန်း၊ မိခင် ​ဒေါ်ကိုင်း​ဌေးတို့၏ သား ကို​ကျော်​ရဲထွန်းမှ ​မွေးကင်းစအရွယ်​ ချက်​ကြိုးတန်းလန်းနှင့် သမီးငယ်​​ကို ​တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မွေးကင်းစ ကလေးငယ်အား ဘုတလင်​မြို့နယ်​၊ သခွတ္တနယ်​​ဆေးရုံသို့ သွား​ရောက်​ပြသ ချက်​ကြိုးဖြတ်​ခဲ့ပြီး မတ်လ ၇  ရက်နေ့နေ့လည်​(၃း၃ဝ)က ကနီ​ဆေးရုံသို့ပြန်​လည်​​ခေါ်​ဆောင်​ခဲ့ပါသည်​။

သမီးငယ်​​လေးအား​​ မွေးစားမည့်သူမှာ ကနီမြို့နယ်​၊ ဇီးဖြူ ကုန်းရွာ​နေ ဖရဲခင်းထဲမှ က​လေးငယ်​ကို ​တွေ့ရှိခဲ့သူ ကို​ကျော်​ရဲ​ထွန်း​နှင့် ဇနီးမစန်းစန်းဝင်းတို့မှ ​မွေးစားမည်​ဟု သိရပါသည်​။ ၎င်းဇနီး​မောင်​နှံတွင်​ (၃)လသားအရွယ်​ သားငယ်​​လေး တစ်​ဦးရှိပါသည်​။ ယခုကနီမြို့ပြည်​သူ့​ဆေးရုံတွင်​ ကျန်းမာစွာဖြင့် ဖရဲခင်းထဲမှ​တွေ့ရှိခဲ့​သော သမီး​လေး ​ရောက်​ရှိ​နေပါသည်​။

#သစ်ထူးလွင်


No comments:

Post a Comment