ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာတွင် ၁၇နှစ်အရွယ် စိတ်မနှံ့သူ မိန်းကလေးငယ်အား အသက် ၅၆နှစ်အရွယ်ရှိ ယောက်ျားတဦးက အလိုမတူဘဲ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၅.၃.၂ဝ၁၇ ရက်နေ့ ၁၂ဝဝ အချိန်တွင် ကျုံပျော်မြို့နယ်၊ အင်းတရော်ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ကျေးရွာနေ ဒေါ်ဌေးကြည်(ဘ)ဦးဖိုးသိန်းသည် နေအိမ်၌ရှိနေစဥ် သမီးဖြစ်သူ မကြည်ပြာစိုး (စိတ်ပေါ့သွပ်သူ) (၁၇)နှစ်၊(ဘ) ဦးသန်းလွင်သည် ၄င်းအား ၂၂.၁ဝ.၂ဝ၁၆ ရက်နေ့တွင် ထွန်းသိန်း(၅၆)နှစ်၊ (ဘ)ဦးအစံ ၏ ငါးကန်ဘေးတောထဲသို့ ဟင်းရွက်ခူးသွားစဥ် ထွန်းသိန်းမှ ငါးကန်ဘေးတောထဲသို့ ဆွဲခေါ်သွားကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ တစ်ပတ်ခန့်အကြာတွင် မကြည်ပြာစိုးသည် တစ်ရွာထဲနေ အဒေါ်ဖြစ်သူ ဒေါ်တင်ဝင်း၏နေအိမ်သို့ အလည်သွားစဥ် ပလ္လင်အမကကျောင်းအနီး အရောက်တွင် ထွန်းသိန်းမှ အ.မ.က ကျောင်း အနောက်ဘက်ရှိခြုံထဲသို့ဆွဲခေါ်သွား ပြီးသားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိ ရသော်လည်း သမီးဖြစ်သူမှာ စိတ်ပေါ့သွပ်သူဖြစ်နေသဖြင့် မယုံကြည်ဘဲနေခဲ့ပါသည်။
၆.၃.၂ဝ၁၇ ရက်နေ့ ဝ၇၃၅ နာရီအချိန်တွင် သမီးဖြစ်သူ၏ ရင်သားများကြီးထွားလာသည်ကို မသင်္ကာသဖြင့် ရှားခဲကျေးရွာမှ သားဖွားဆရာမ ဒေါ်နန့်စန်းမြိုင်(ငြိမ်း)ထံသို့ သွားရောက်စစ်ဆေးရာ ကိုယ်ဝန်(၅)လ ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
မိခင် ဒေါ်ဌေးကြည်၏ တိုင်တန်းချက်အရ ၆.၃.၂ဝ၁၇ ရက်နေ့ ၁၃၅ဝ အချိန်တွင် အထောင်နယ်မြေရဲစခန်း (ပ)၁၄/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ထွန်းသိန်းအား အမှုဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
#သစ်ထူးလွင်
Featured Post
ရည်ရွယ်ချက်
မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...
Search in this blog
Tuesday, March 7, 2017
ကျုံပျော်တွင် စိတ်မနှံ့သူ မိန်ကလေးငယ်အား တစ်ဦးအား သားမယားပြုကျင့်မှု ဖြစ်ပွား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment