မတ်လ ၈ ရက်နေ့ဒီကနေ့မနက်၂နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ညာဏရပ်ကွက် မဥ္ဇူ ၂လမ်းတွင် နေအိမ်ပေါ်သို့ ပစ္စည်းခိုးရန် တက်ရောက်လာသည့် သူခိုးမှ ချွန်ထက်သော အရာနှင့် ထိုးနက်ခဲ့သဖြင့် အိမ်အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။
အဆိုပါ သူခိုး အိမ်ပေါ်တက်လာစဥ် အိမ်ရှင်အမျိုးသမီးမှ နိုးကာ အော်ဟစ်အကူအညီ တောင်းခံသဖြင့် သူခိုးမှ အိမ်ရှင် အမျိုးသမီးအား ချွန်ထက်သော လက်နက်ဖြင့် ထိုးခဲ့ကာ အိမ်ရှင်အမျိုးသမီးမှာ ဦးခေါင်းတချက် ညာဖက်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်ပေါက်ပြဲ ဒဏ်ရာများရရှိ ခဲ့သည်။
အိမ်နီးနားပတ်ဝန်းကျင်မှ ပုလဲမြို့ အရန်မီးသတ်စခန်းသို့ လူနာတင်ယာဥ် အကူအညီတောင်းခံခဲ့ရာ အခင်းဖြစ်ပွားရာနေရာသို့ ထောက်ကြံ့မြို့မ ရဲစခန်းမှ လှည့်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တရာခံပြေးရာ တလျှောက်ပိတ်ဆို့ရှာဖွေမှု့များ ပြုလုပ်ခဲ့ပါသည်။ ဒဏ်ရာရှိသူအမျိုးသမီးအား ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့မှ အချိန်မှီ မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရပါသည်။
#သစ်ထူးလွင်
Featured Post
ရည်ရွယ်ချက်
မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...
Search in this blog
Tuesday, March 7, 2017
မင်္ဂလာဒုံမှာ သူခိုး အချွန်နဲ့ထိုးသဖြင့် အိမ်ရှင် အမျိုးသမီး ဒဏ်ရာရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment