Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Tuesday, March 7, 2017

"အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ရဲရင့်သောအမျိုးသမီးများကို ဂုဏ်ပြုခြင်း"

မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ ဖြစ်ပါတယ်။ အခုနှစ်အတွက် ဆောင်ပုဒ်လေးကတော့ " ပြောင်းလဲဖို့ ရဲရင့်စို့ " ဆိုတာလေးပါ။ ကျွန်မတို့ကလည်း ပြောင်းလဲဖို့အတွက် ရဲရင့်ကြတဲ့ အမျိုးသမီး ၈ ဦးကို ရွေးချယ်ပြီး ဂုဏ်ပြုထားပါတယ်။ ခုလို နှစ်စဥ် ဂုဏ်ပြုပေးနိုင်ဖို့အတွက် စွမ်းရည်ထက်မြက်တဲ့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို အမြဲမပြတ် ကြည့်ရှုပြီး မှတ်တမ်းပြုစုထားခဲ့ရာမှာ -

ကလေးငယ်ဗိုက်ထဲက သန္ဓေသားကို အောင်မြင်စွာဦးဆောင်ခွဲထုတ်ပေးနိုင် ခဲ့ပြီး မြန်မာ့ဆေးပညာသမိုင်း မှတ်တိုင် စိုက်ထူနိုင်ခဲ့သူ၊

အမျိုးသမီးများအားအကြမ်းဖက်မှုပပျောက်ရေးအတွက် ဆန်းသစ်သော အတွေးအခေါ်များဖြင့် တက်ကြွလှုပ်ရှားသူ၊

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စွမ်းစွမ်းတမံဆောင်၇ွက်လုပ်ကိုင်ခဲ့သူ

မြန်မာရသစာပေကို ကျောင်းသားတွေသာမက လူထုတစ်ရပ်လုံး စိတ်ဝင်စား လာအောင် ကဗျာ့တေးသံများဖြင့် လှုပ်နှိုးနိုင်ခဲ့သူ

မြန်မာ့ထန်းလျက်ကို ထုတ်လုပ်မှုပုံစံကောင်းကောင်းနဲ့ နိုင်ငံတကာက လက်ခံအောင် ပထမဆုံး တင်ပို့ရောင်းချနိုင်ခဲ့သူ

ငြိမ်းချမ်းရေးနဲ့ လူငယ့်အရေးမှာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသိအမှတ်ပြု အမျိုးသမီးဒိုင်လူကြီးဖြစ်လာသူ

အိမ်ထောင်ဖက်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားခဲ့ပြီးမှ ကလေးအခွင့်အရေးကိစ္စ၊ ပရဟိတနဲ့ အနုပညာကို စွမ်းစွမ်းတမံ လုပ်ဆောင်နေသူ

စတဲ့ နယ်ပယ်အသီးသီးက အမျိုးသမီး ၈ ဦးကို ရရှိခဲ့ပါတယ်။ ဒီအမျိုးသမီးတွေကို လေးစားမှုဖြင့် ဂုဏ်ယူစွာတင်ဆက်ပေးလိုက်ပါတယ်။

#Women_In_Myanmar_Society


No comments:

Post a Comment