အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံကို မထောက်ခံ သဘောမတူလို့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဝင်ခဲ့ပါ ဘူး။ ရွှေဂုံတိုင် ကြေညာစာတမ်းထုတ်ပြီး ရွေးကောက်ပွဲမဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ စစ်အစိုးရ ဗိုလ် ချုပ်ကြီးများက လူဝတ်လဲ၊ လူမှုရေးအဖွဲ့ဆိုတဲ့ ကြံ့ခိုင်ရေးကို ပါတီသဘောမျိုး သတ်မှတ်ပြီး ရွေးကောက်ပွဲဝင်ရာ အနိုင်ရပြီး လွှတ်တော်ကတင်မြှောက်တဲ့ သမ္မတအဖြစ် ဦးသိန်းစိန် သမ္မတဖြစ်လာပါတယ်။ အဲလွှတ်တော်မှာလည်း အရွေးခံစရာမလိုဘဲ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းဟာ တပ်ကပေးတဲ့ ကိုယ်စားလှယ်များ ဖြစ်ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်တွေထဲက သမ္မတနဲ့ဝန်ကြီး တာဝန်တွေ ထမ်းရရင်ယူရရင် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရတယ်။ ဒါ့ကြောင့် သမ္မတဦးသိန်းစိန်နဲ့တကွ အစိုးရအဖွဲ့၊ ဝန်ကြီးအဖွဲ့ဝင်တွေအားလုံးဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရ လေတော့ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင် က ၄ဝ ကျော်ရှိလေတော့ ကြားဖြတ်ရွေးကောက်ပွဲနေရာ ၄ဝ ကျော် လစ်လပ်သွားတယ်။ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ဖြစ်လာတော့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ညှိနှိုင်းပြီး သဘောတူညီမှု ၊ ဘယ်လောက်ပေးတဲ့ သဘောတူညီမှုလဲတော့ မသိပါဘူး။ ရယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ကြားဖြတ်မှာဝင်ရွေးခံပါတယ်။အားလုံးနီးနီး အနိုင်ရပါတယ်။
သည်နေရာမယ် တစ်ခုသေသေချာချာ ရှင်းရှင်းလင်းလင်းသိဖို့က ၂ဝ၁ဝ ရွေးကောက်ပွဲအထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံမတင်ရသေးဘူး။ ရွေးကောက်ပွဲ မဝင်ရသေးဘူး။ မဝင်ဘူး။ ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲကျမှ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ပြီး အရွေးခံတာ ဖြစ်တယ်။
၁၉၈၈ မှ စတင် တည်ထောင်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက် ခံအားလုံး ထောင်ထဲထည့်၊ ဒါပေမဲ့ ကျန်တဲ့ လူတွေက ၁၉၉ဝ မှာ ရွေးကောက်ပွဲဝင်။ အဲသည်မှာလည်း အင်န်အယ်လ်ဒီက အ ပြတ်အသတ် အနိုင်ရတာပဲ။ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီကို အာဏာမလွှဲဘဲ အဲသည်လူတွေကို ထောင်ထဲကို ထည့်ခဲ့တာပဲ။ အရင်ရောက်နှင့်ပြီး သား ဦးတင်ဦး၊ ဦးဝင်းတင်တို့ဆီ ဦးကြည် မောင်တို့ ရောက်လာတော့တာပါပဲ။
အဲသည်အချိန်ကနေ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဆိုတာ တရားဝင်လည်း မဟုတ်၊ တရားမဝင်လည်းမဟုတ် ရပ် တည်ခဲ့ကြရကာ ၂ဝဝ၈ ဖွဲ့စည်းပုံကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းနဲ့ ကန့်ကွက်ဆန်ကျင်ပြီး ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ ၂ဝ၁၂ ကြားဖြတ်ကျမှ ဝင်ကြတာနော်။
ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုသဟာ ၂ဝ၁၂ မှာမှ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအစည်းအဝေး ကြီးတွေ ၂ဝ၁၂ မှ လုပ်ရတာ၊ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူခဲ့ပါတယ်။ ကြားဖြတ်နဲ့ အနိုင်ရလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ထိုက် တန်သလောက် ပီပြင်တဲ့ အတိုက်အခံရှိလာလေတော့ နိုင်ငံတကာက အသိ အ မှတ်ပြုတာတွေ၊ ဖြေလျှော့တာတွေ လုပ် လာတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာလည်း လွှတ် တော်က တင်မြှောက်တဲ့ သမ္မတဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံအရ ဒုသမ္မတရာထူး နှစ် နေရာမှ တစ်ကို တပ်ကိုယ်စားလှယ်ပေးရ ပါတယ်။ နှစ်ကိုတော့ တိုင်းရင်းသားကိုယ် စားလှယ်ကို ပေးရပါတယ်။ ၂ဝဝ၈ ဖွဲ့စည်း ပုံအရပဲ အဲသည်အစိုးရရဲ့အထက်မှာ ကာလုံဆိုတာ ရှိတယ်။ ပြီးတော့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ကို ကာချုပ်က ခန့်ထားတာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်မှာပဲ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ် ကို လွှတ်တော်က ခန့် ထားတာ မဟုတ် ဘူး။ ကာချုပ်က ခန့်ထား တာ။ ဒါ့ကြောင့် သမ္မတကြီးက အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးတဲ့ ကချင်ကို တပ်က တိုက်တာပဲ မဟုတ် လား။
သည်လိုသည်လိုနဲ့၂ဝ၁၅ရွေးကောက်ပွဲကာလ ရောက်လာတယ်။ ၂ဝ၁၂ မှာမှ မှတ်ပုံတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ “ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနဲ့ လွှတ်တော်ကိုယ်စားလှယ် အများဆုံး (ကြံ့ခိုင် ထက်တောင်ပိုသေး) ဝင်ရောက်ပြီး ဖဲ စကားနဲ့ပြောရရင် အောက်ပြုတ် အားလုံးလောင်းခဲ့တာ တောင်ပြိုကမ်းပြို အနိုင် ရပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စု အစိုးရကိုလည်း ဖွဲ့စည်းနိုင်ခဲ့သလို တိုင်းနဲ့ ပြည်နယ် ၁၄ ခု စလုံးရဲ့ ဝန်ကြီးချုပ်ရာထူးကို ဒီချုပ်က အရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လည်း ဒါပေမဲ့ပေါ့လေ ၂ဝ၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာမှာ အနိုင်ရတဲ့ ဒီချုပ် ဟာ မတ်လကျမှ အစိုးရ တရားဝင် ဖွဲ့စည်းခွင့်ရပြီး ဧပြီမှ အစိုးရဖွဲ့နိုင်ကာ အဲသည် အာဏာလွှဲပေးဖို့တောင် ရင် တထိတ်ထိတ် နဲ့ စောင့်ခဲ့ရတာ။ ဘာပဲပြောပြော အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ သမ္မတ ဦးထင်ကျော်ရဲ့ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံ ဖြစ် လာခဲ့ပါတယ်။
သည်နေရာမှာလည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရဟာ လွှတ်တော်အစိုးရသာဖြစ်ပြီး ကာကွယ်ရေး၊ ပြည်ထဲ ရေးနဲ့ နယ်စပ်ကတော့ ကာချုပ်က တိုက် ရိုက်ခန့်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်တော်အစိုးရလိုပဲ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်မှာ တိုက်ရိုက်ကိုင်တွယ်ခွင့် မရပါဘူး။
ဦးသိန်းစိန်အစိုးရလက်ထက် နောက် ဆုံးလပိုင်းလောက်မှာမှ အပစ်အခတ်ရပ်စဲ ရေးနဲ့ ငြိမ်းချုပ်ရေးစာချုပ် ချုပ်ဆိုဖို့ လုပ် ငန်းကို စတင်လုပ်ဆောင်ခဲ့ရာ လက်မှတ် ရေးထိုးတဲ့ အဖွဲ့တချို့တစ်ဝက်နဲ့ မထိုးရ သေးတဲ့ အဖွဲ့တချို့တစ်ဝက်ရှိနေခဲ့ပြီး တစ်ပိုင်းတန်းလန်း ငြိမ်းချမ်းရေးလုပ်ငန်း စဥ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဆက်လက်တာဝန်ယူဖို့ ဖြစ်လာပါတယ်။
ဒါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၂၁ ရာစုပင်လုံညီ လာခံကို ခေါ်ဆိုခဲ့ပြီး ငြိမ်းချမ်းရေးလမ်း ကြောင်းကို ဆက်လက်လုပ်ကိုင်ပြီး လက် မှတ်ရေးထိုးပြီးသားများအဖွဲ့ UNFC ရဲ့ ကိုးချက်ကို မူအရ သဘောတူကြပြီး လက် မှတ်မရေးထိုးရသေးတဲ့ အဖွဲ့များကိုလည်း သတ္တိရှိရှိ လက်မှတ်ရေးထိုးကြပြီး ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ ပါဝင်လာကြဖို့ ဒေါ် အောင်ဆန်းစုကြည်က ဖိတ်ကြားခဲ့ပါ တယ်။
အဲသည်အချိန်မှာပဲ “ဝ”ဒသရဲ့ ပန်ဆိုင်းမှာ အဖွဲ့အစည်းခုနစ်ဖွဲ့ တွေ့ဆုံကြပြီး သီးခြားလမ်းစဥ်နဲ့သွားမလိုလို ကြေညာချက်ထွက်လာပါတယ်။တစ်ဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲသည်အဖွဲ့ တွေ့ဆုံဖို့လည်း ရှိကြောင်း သိရပါတယ်။
သည်ကြားထဲမှာ ထူးခြားတဲ့ သတင်းကတော့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲပဲ ဖြစ်ပါတယ်။ အဲသည်မှာ တပ်မတော်ရဲ့ တာဝန်ရှိ သတင်းစာရှင်းလင်းရေး ပုဂ္ဂိုလ် ဗိုလ်ချုပ်မြထွန်းဦးက တပ်မတော် ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဥ်ကို ရာနှုန်းပြည့် အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ တပ်မတော် ကလည်း ပါဝင်မည်ဖြစ်ကြောင်း တရားဝင်ပြောကြားသွားပါတယ်။
သည်လို သည်လိုနဲ့ ၂ဝ၁၇ ဟာ ငြိမ်းချမ်းရေးနှစ်လို့ ပြောခဲ့တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဟာ ၂၁ ရာစု ပင်လုံညီ လာ ခံ ဒုတိယအကြိမ်အဖြစ် မတ်လမှာ လုပ်ကြဖို့ စီစဥ်နေချိန်မှာ လက်မှတ်ရေးထိုးပြီးအဖွဲ့တွေရဲ့ကိုးချက်ကိုတော့ သဘောတူညီကြပြီး မထိုးရသေးသူ ပါဝင်ဖို့ ကြိုးစားနေကြချိန်မှာ တပ်မတော်က ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ငြိမ်းချမ်း ရေး ခရီးစဥ်ဟာ အောင် မြင်မည်ဟု ရာနှုန်း ပြည့်ယုံကြည်ကြောင်း ကြေညာလာပါ တယ်။
ငြိမ်းချမ်းရေးကို တကယ်သွားကြမှာလား၊ ဘယ်လမ်းက သွားကြမှာလဲနှင့် ဘကြီးမိုးပါ။
ဘကြီးမိုး
#ကုမုဒြာ
Featured Post
ရည်ရွယ်ချက်
မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...
Search in this blog
Wednesday, March 8, 2017
ငြိမ်းချမ်းရေးကို တကယ်သွားကြမှာလား၊ ဘယ်လမ်းက သွားကြမှာလဲနှင့် ဘကြီးမိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment