Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Wednesday, March 8, 2017

လှုပ်လှုပ်ရှားရှားအကယ်ဒမီပွဲတက်ဖက်ရှင်များ

၂ဝ၁၆ အတွက် ရုပ်ရှင်ထူး ချွန်ဆုပေးပွဲအခမ်းအနားကို ပြည် သူ့ရင်ပြင်တွင် ရွှေတိဂုံစေတီ၏ နောက်ခံဖြင့် ပြုလုပ်မည်ဖြစ်သော ကြောင့် ရုပ်ရှင်လောကသားများ ကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက မြန်မာ့ရိုးရာဝတ်စုံဖြင့် လုံ လုံခြုံခြုံဝတ်ဆင်၍ ပွဲတက်ကြရန် မေတ္တာရပ်ခံထားသည်။ ထို့ ကြောင့် ယခုနှစ် အနုပညာရှင်များ ၏ရေပန်းစားနိုင်ဖွယ်ရှိသော ပွဲ တက်ဖက်ရှင်များကို စုစည်းဖော် ပြပေးလိုက်ပါသည်။

ရွှေရောင်လွှမ်းမယ့် အကယ်ဒမီ ဝတ်စုံများ

ယခင်နှစ် ထူးချွန်ဆုပေးပွဲအခမ်းအနားများတွင် ရွှေဝတ်စုံ ဖြင့် ပွဲတက်သူရှိသည်ဟု မကြားဖူးခဲ့သော်လည်း ယခုနှစ် ထူးချွန်ဆု ပေးပွဲတွင်မူ ရွှေဝတ်စုံများဖြင့် ပွဲတက်မည့် သရုပ်ဆောင်များ ရှိနေသည်။ ဒီဇိုင်နာမျိုးမင်းစိုးက မင်းသမီး အိချောပိုအတွက် အကင်္ျီတစ်ထည်လုံးကို ရွှေချိန်သုံးဆယ်သား အသုံးပြု၍ တစ်ကိုယ်လုံးဆင်မြန်းမည့် အသုံးအဆောင်များအပါအဝင် ရွှေချိန် ခုနစ်ဆယ်သားခန့်ဖြင့် ချုပ်လုပ်နေပြီး ရွှေကို ပန်းပွင့်ပုံစံ ဒီဇိုင်းများဖြင့် ဝတ်စုံတွင် အလှဆင်ပုံဖော်နေခြင်းဖြစ်သည်။ ထို့ ပြင် လက်ဝတ်ရတနာများနှင့် ပိုက်ဆံအိတ်ကိုလည်း အင်္ကျီနှင့်လိုက်ဖက်ညီမည့် ပန်းပွင့်ပုံဒီဇိုင်းများဖြင့် ပုံဖော်မည်ဖြစ်သောကြောင့် အကင်္ျီအပါအဝင် အိချောပို၏ပွဲတက် ဝတ်စုံတစ်စုံလုံးတွင် ရွှေချိန်ခုနစ် ဆယ်သားခန့် ပါဝင်မည်ဖြစ်ပြီး အောင်သမာဓိရွှေဆိုင်က ပံ့ပိုးပေး ထားသည်ဟု ဒီဇိုင်နာမျိုးမင်းစိုးက ပြောသည်။ ထို့ပြင် ရွှေသားဖြင့် ဖန်တီးထားသော ဝတ်စုံများဖြင့် ပွဲတက်မည့် အနုပညာရှင်ဆယ်ဦး ကျော်၏ဝတ်စုံများကို အောင်မြတ်သူ(Aroma)က ဆင်မြန်းပေးမည် ဖြစ်သည်။ အမျိုးသားများ၏တိုက် ပုံများတွင် ရွှေကို အသုံးပြု၍ ဖက်ရှင်များ ဆင်မြန်းပေးမည်ဖြစ်သလို အမျိုးသမီးများအတွက်လည်း ရွှေ ဖြင့် ဒီဇိုင်းဆင်ပေးမည်ဟု ၎င်းက ပြောသည်။ ဖက်ရှင်နှင့်ပတ်သက် ၍ နာမည်ကြီးနေသည့် အဆိုတော် မြန်မာပြည်သိန်းတန်၏တိုက်ပုံ တွင် ရွှေကို နဂါးပုံဖော်၍ ဆင်မြန်း ပေးမည်ဖြစ်ပြီး မြန်မာပြည်သိန်းတန်၏ဇနီးဝတ်စုံအတွက်ကို ရွှေ ဒေါင်းများဖြင့် အလှဆင်ပေးမည် ဖြစ်ကာ အဆိုပါအစီအစဥ်အတွက် ရွှေကို ဝိန့်စိန်ရွှေဆိုင်က ၎င်းလိုချင်သည့်ပုံစံအတိုင်း ပုံဖော် ပေးခြင်းဖြစ်သည်ဟု ၎င်းက ဆို သည်။ ထို့ကြောင့် ရွှေတိဂုံဘုရား နောက်ခံဖြင့် ကျင်းပမည့် ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် ရွှေဝတ်စုံ များဖြင့် တောက်တောက်ပပ မြင်ရမည်ဖြစ်သည်။

ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေခေတ် စားလာမလဲ

နှစ်စဥ်နှစ်တိုင်း ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရုပ်ရှင်လောကသားများက မြန်မာဆန်ဆန်ဝတ်၍ ပွဲ တက်ကြသလို ယခုနှစ်မှာ ပိုမိုထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးကလည်း မြန် မာ့ရိုးရာဝတ်စုံကို လုံလုံခြုံခြုံဝတ် ကြရန် မေတ္တာရပ်ခံထားသည်။ ထို့အတူ 7Day ဂျာနယ်အနေဖြင့် ပွဲတက်မည့် အနုပညာရှင်များအ တွက် ဖန်တီးပေးမည့် ဒီဇိုင်နာများ သို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာဆန်ဆန် ဖန်တီးပေးမည်ဟု ဖြေ ကြားထားသည်။ ဒီဇိုင်နာ ဌေးဌေးတင်က ခင်ဝင့်ဝါ၊ မေမြတ်နိုး၊ ရွှေ သမီး၊ ယွန်းယွန်း စသည့် မင်းသမီးငယ်အများစုအတွက် ဝတ်စုံများ ဖန််တီးပေးမည်ဖြစ်ပြီး မြန်မာဆန် ဆန် လုံလုံခြုံခြုံဖြင့် Creation များ ပြုလုပ်၍ ချုပ်ပေးမည်ဖြစ်သလို အချို့ကိုလည်း Hand Made များဖြင့် အလှဆင်ပေးမည်ဟု ပြောသည်။ ဒီဇိုင်နာ အိကျော်ဇင် က ယခုနှစ်အတွက် ညီမဖြစ်သူ အိန္ဒြာကျော်ဇင်အတွက်သာ ဝတ်စုံဖန်တီးပေးမည်ဖြစ်ပြီး ရွှေတိဂုံဘု ရားနောက်ခံဖြစ်သောကြောင့် ယခင်နှစ်များထက်ပို၍ သတိထား ရမည်ဖြစ်ကာ မြန်မာ့ယဥ်ကျေးမှုကို ပုံဖော်နိုင်မည့် ဝတ်စုံမျိုးကို ဖန်တီးချုပ်လုပ်ပေးမည်ဟု ပြော သည်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည် နိုင်ငံတော်အဆင့် ပွဲတစ်ပွဲ ဖြစ်သောကြောင့် နှစ်စဥ် ဖန်တီး နေကြပုံစံများအတိုင်း မြန်မာဆန် ဆန်နှင့် ကျက်သရရှိရှိ လုံလုံခြုံခြုံ ဖန်တီးမည်ဟု မေသန်းနု၊ ထွန်းအိန္ဒြယဗို၊ ခိုင်နှင်းဝေနှင့် စိုးပြည့်သဇင်တို့၏ဝတ်စုံများကို ချုပ်လုပ်ပေးမည့် ဒီဇိုင်နာ လတ်လတ်က ပြောသည်။ ချောရတနာ၊ ဆုပန်ထွာ၊ မယ်လိုဒီ၊ အိချောပို၊ နန်းဆုရတီစိုး၊ နန်းခင်ဇေယျာ၊ ဝါဝါအောင်၊ တက္ကသိုလ်ဂွမ်းပုံ စသည့် အနုပညာရှင်များကို ဝတ်စုံများချုပ်လုပ် ပေးမည့် ဒီဇိုင်နာ မျိုးမင်းစိုးက နန်း ဆန်ဆန်ဝတ်စုံများကို ပဝါများဖြင့် ဆန်းသစ်ထားကြောင်း ပြောသည်။ ထို့ပြင် အသားမပေါ်ရန်အတွက် ပြောကြားထားမှုများရှိ သောကြောင့် အသားမပေါ်သော်လည်း ကိုယ်လုံးအလှကို ပြသနိုင်မည့် ဒီဇိုင်းများ ဦးစားပေးဖန်တီး ထားသည်ဟု ဒီဇိုင်နာမျိုးမင်းစိုးက ပြောသည်။

ရေပန်းစားမယ့်အရောင်များ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲအခမ်းအနားတွင် ဝတ်ဆင်သည့် အရောင်များကိုလည်း ပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့် လေ့ရှိကြသည်။ အရောင်ရွေးချယ် ရာတွင် အနုပညာရှင်များ၏စိတ် ကူးနှင့် ဒီဇိုင်နာတို့၏စိတ်ကူးပေါင်း စပ်ဖန်တီးခြင်းဖြစ်သောကြောင့် ဝတ်ဆင်မည့် အရောင်များကို အတိအကျမပြောနိုင်သော်လည်း ဒီဇိုင်နာအချို့၏ပြင်ဆင်ထားမှုကို စုစည်းဖော်ပြလိုက်ပါသည်။ ဒီဇိုင်နာ လတ်လတ်၊ ဒီဇိုင်နာ ဌေး ဌေးတင်နှင့် ဒီဇိုင်နာ မေမြတ်ဝါဆို တို့က ၎င်းတို့ဖန်တီးမည့် ဝတ်စုံများကို အရောင်အဖျော့များဖြင့် ဦးစား ပေးဖန်တီးထားကြောင်း သိရသည်။ Aroma မှ ဒီဇိုင်နာအောင် မြတ်သူကမူ ညနေခင်းပွဲဖြစ်သည့် အပြင် ကွင်းပြင်တွင် ကျင်းပသည့် အခမ်းအနားဖြစ်သောကြောင့် အ ရောင်တောက်တောက်များ ဖန်တီး ပေးထားကြောင်း ပြောသည်။

အကယ်ဒမီအတွက်မိတ်ကပ်အပြင်အဆင်များ

ယခုနှစ် အကယ်ဒမီပေးပွဲအတွက် မိတ်ကပ်အပြင်အဆင်ကို မိတ်ကပ်ဆရာအများစုက အညို ရောင်၊ အနက်ရောင်အစရှိသည့် အရောင်ရင့်များ အဓိကထား အသုံးပြုလိမ်းခြယ်ပေးမည်ဖြစ်ပြီး မိတ်ကပ်အပြင်အဆင်ကိုမူ အ ရောင်ဖျော့များဖြင့် ဗိုလ်ဆန်စွာ လိမ်းခြယ်ပေးရန် စီစဥ်နေကြောင်း သိရသည်။

သရုပ်ဆောင် အေးမြတ်သူ၊ ချောရတနာ၊ စန္ဒီမြင့်လွင်၊ ခွန်းဆင့်နေခြည်နှင့် တက္ကသိုလ်ဂွမ်းပုံတို့အား ပြင်ဆင်လိမ်းခြယ်ပေးမည့် မိတ်ကပ်ညီညီမောင်(စမ်းချောင်း) က ‘‘ဒီနှစ်အကယ်ဒမီကို ဝတ်ဆင်လာတဲ့ ဝတ်စုံအရောင်လေးတွေနဲ့ လိုက်ဖက်မယ့် ပုံစံလေးတွေကို အဓိကထားပြင်ပေးဖြစ်မယ်။ မြန်မာဝတ်စုံဒီဇိုင်းနဲ့ လိုက်ဖက်တာမျိုး ပါပဲ။ အရောင်ကိုတော့ အဓိကအညိုရောင်နဲ့ အနက်ရောင်ကိုပဲ သုံး ဖြစ်ပါမယ်’’ဟု ပြောသည်။

အကယ်ဒမီပွဲတက်ဝတ်စုံအများစုက မြန်မာဆန်ဆန်ဖြင့် ဖန်တီးထားမည့် ရွှေရောင်ဒီဇိုင်းများ ဖြစ်နိုင်၍ မိတ်ကပ်နှင့် ဆံပင်အ ပြင်အဆင်ကို Nude ကာလာ များဖြင့် ဗိုလ်ဆန်ဆန် လိမ်းခြယ် ပြင်ဆင်ပေးမည်ဟု မိတ်ကပ် ကျော်မိုးက ပြောသည်။

‘‘ဒီနှစ်အကယ်ဒမီပွဲကတော့ မြန်မာဆန်ဆန်လေးတွေ ဝတ်ဖို့များတယ်။ ဒါကြောင့် မိတ်ကပ်နဲ့ ဆံပင်ကိုတော့ ဗိုလ်ဆန်ဆန်လေး တွေ ပြင်ပေးဖြစ်မယ်။ ဆံပင်ဆိုလည်း အရင်ကလို အကျပ်ကြီးထုံးတာမျိုး မဟုတ်ဘဲနဲ့ အခွေလိမ် လိမ်လေးတွေ၊ ဗိုလ်ဆန်ဆန်လေး တွေ ထုံးပေးမယ်။ မိတ်ကပ်ကိုလည်း အရောင်ဖျော့လေးတွေသုံးမယ်။ နှုတ်ခမ်းနီကိုလည်း Nude ကာလာလေးတွေ ဆိုးပေးမယ်။ ဒီနှစ် ၂ဝ၁၇ အရောင်က ခရမ်း ရောင်လို့ ဆိုကြပေမယ့် အများစုကတော့ ဝတ်စုံကို ရွှေရောင်လေး တွေ ဝတ်ကြဖို့ များနိုင်တယ်။ ဒါ ကြောင့် ဝတ်စုံရွှေရောင်နဲ့ လိုက်ဖက်မယ့် အညိုတို့၊ သခွားရောင်တို့ကို ရွေးချယ်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

#7DN


No comments:

Post a Comment