Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Wednesday, March 8, 2017

အမြန်လမ်းတွင် အမျိုးသမီးတစ်ဦးကို ခရီးသည်တင်ယာဥ် ဝင်တိုက်၍ သေဆုံး၊ ခရီးသည်ငါးဦးဒဏ်ရာရ

မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၃ မိုင် နှစ်ဖာလုံအ ကျော်တွင် ချောက်မြို့မှရန်ကုန်သို့ ပြေးဆွဲနေသော ခရီးသည်တင်မှန် လုံယာဥ်တစ်စီးသည် လမ်းဖြတ် ကူးသည့်အမျိုးသမီးကို တိုက်မိခဲ့ သဖြင့် သေဆုံးပြီး ယာဥ်ပေါ်ပါ ခရီးသည်ငါးဦး ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။

မတ်လ ၇ ရက်နံနက် ၁ နာရီခန့်တွင် အောင်ဇေယျခရီး သည်တင်ယာဥ်သည်ချောက်မြို့ မှ ရန်ကုန်သို့မောင်းနှင်လာစဥ် မိုင်တိုင်အမှတ် ၂၇၃ မိုင်အကျော် ၌ လမ်းဖြတ်ကူးသည့် အမျိုးသမီး တစ်ဦးကို ကားဖြင့်တိုက်မိခဲ့ ကြောင်း အမြန်လမ်း ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသမီးကို ဝင်တိုက်မိပြီး နောက် လမ်းလယ်ကျွန်းကိုထပ်မံ တိုက်မိသဖြင့် ယာဥ်မောင်းအပါ အဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘ကားက သီးကုန်းမှာတစ်ခါ နားပြီးတော့ ထွက်လာတာမကြာ သေးဘူး။ ဒီတော့ ခရီးသည်တွေ ကလည်း အိပ်မပျော်သေးဘူး။ ကားတိုက်မိတဲ့အချိန်မှာ ကားမှာ ရှိတဲ့ တန်းတွေခုံတွေကိုင်ထားမိ တော့ ဒဏ်ရာရသူ နည်းပါတယ်။ အိပ်ပျော်နေတဲ့သူများရင်တော့ ထိခိုက်မှုပိုများနိုင်ပါတယ်’’ ဟု ၎င်းကပြောသည်။

ယာဥ်ပေါ်ပါခရီးသည်အမျိုး သမီးတစ်ဦးနှင့် အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိတ္ထီလာ ဆေးရုံတွင် တက်ရောက်ကုသ နေကာ ယာဥ်မောင်းဖြစ်သူကို ပေ ပင်လမ်းအမြန်လမ်းရဲစခန်းမှ အ ရေးယူထားကြောင်း သိရသည်။

‘‘ကားတိုက်ခံရတဲ့အမျိုးသ မီးက စိတ်ရောဂါဝေဒနာရှင်တစ် ဦးပါ။ ကားလမ်းကိုဖြတ်ပြေးနေ တယ်လို့မြင်တဲ့သူတွေက ပြော တယ်။ ဘယ်ကနေပြီး ဘယ်လို ရောက်လာလဲဆိုတာတော့ မသိရ သေးပါဘူး။ အလောင်းကိုတော့ မိတ္ထီလာဆေးရုံကို ပို့ဆောင်ထား ပါတယ်’’ဟု ၎င်းကပြောသည်။

#7DN


No comments:

Post a Comment