Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Friday, March 10, 2017

လွှတ်တော်ကိုယ်စားလှယ်တွေ စည်ပင်ဧည့်ရိပ်သာမှာတည်းခိုခ ပေးရန် ကျပ်သန်း ၂ဝ ကျန်ရှိနေ

နေပြည်တော်၊ မတ် ၁ဝ ရက်။ ။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မရှင် အဖွဲ့ဝင်များ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုခန်းခ ပေးချေရန်ကျပ်သန်းပေါင်း ၂ဝကျော်ကျန်ရှိသဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် လွှတ်တော် ထံသို့ ယခုဘဏ္ဍာနှစ် မကုန်မီပေးသွင်းဘို့ နှိုးဆော်စာပေးပို့ထားတယ်လို့ သိရပါတယ်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ပေးသွင်းနိုင်ရေးနှင့် အခန်းငှားရမ်းခ ကြွေးကျန်များ လွှတ်တော်ရပ်နားချိန်တွင် ဆက်လက်မကျန်ရှိစေရေး အတွက်တောင်းခံခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ကြွေးကျန်သည့် စာရင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၇၅ဦး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၄၃ဦး နဲ့ ကော်မရှင် အဖွဲ့ဝင် ၁၄ဦးတို့ က စုစုပေါင်းကြွေးကျန်ငွေမှာ ကျပ်သန်းပေါင်း နှစ်ဆယ်ကျော် ပေးသွင်းဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာ(၂)တွင် တည်းခိုနေထိုင်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတက်ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ကော်မရှင် အဖွဲ့ဝင်များဟာ ၁၄.၂.၂ဝ၁၇ ရက်နေ့ အထိ အခန်းခအကြွေးများ ယခု ဘဏ္ဍာရေးနှစ်မကုန်ဆုံးမှီ ပေးသွင်းရန်အတွက် လွှတ်တော်သို့ တင်ပြမှုများပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။

“ နိိုးဆော်တဲ့ အချိန်က ဖော်ဖော်ဝါရီ ၁၄ရက်နေ့ကဖြစ်ပါတယ်။ ထည့်ဝင်ဖို့ အတွက်ကို နှိုးဆော်တဲ့ စာရင်းကို လွှတ်တော်ကို ပေးပို့လာတာဖြစ်ပါတယ်။ ပေးပို့ရင်းနဲ့ လွှတ်တော်က ကောက်ခံပေးပါဆိုပြီးတော့ ပေးပို့တဲ့ အချိန်မှာ စာက မတ်လ၆ရက်နေ့မှရောက်သွားတယ်။ အဲ့ကြားထဲမှာ လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက လကုန်တဲ့ အချိန်မှာ ဒါတွေ သွင်းပြီးနေတာ ဖြစ်တဲ့ အတွက် သွင်းပြီးသားကိုယ်စားလှယ်တွေရဲ့ သိက္ခာ ထိခိုက်မှုတွေ ရှိတယ်ဆိုပြီး ကိုယ်စားလှယ်အချို့က စိုးရိမ်နေကြတာ ဖြစ်ပါတယ် “ လို့ နေပြည်တော်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ နေထိုင်တဲ့ စည်ပင် ဧည့်ရိပ်သာရဲ့ အခန်းခနှုန်းမှာ တစ်ရက်ကို ၅ဝဝဝ ကျပ်ဖြစ်ပြီး တစ်လချင်းပေးသွင်းရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Author မိုးမိုး

#ကုမုဒြာ


No comments:

Post a Comment