Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Friday, March 10, 2017

ရွှေတွေ့ရှိတဲ့နေရာကိုKNU က တားဆီးထိန်းချုပ်လိုက်ပေမယ့် ရွာသားတွေက ရွှေလုပ်ကွက်အနားမှာ ဆက်လက်စောင့်ဆိုင်းနေ

မတ် ၁၁ ရန်ကုန်။ ။ ရွှေများတွေ့ရှိတဲ့ ဝင်းခလိန်အောင်ခလိန်ကျေးရွာရှိ ဘွက်မြောင်ဒေသမှာ KNU တပ်မဟာ ၃ မှတားဆီးထားပေမယ့် ရွှေကျင်မြို့ပေါ်ကလာတဲ့ပြည်သူတွေကော ကျေးရွာရှိပြည်သူတွေဟာ ဆက်လက်စောင့်ဆိုင်းနေတုန်းပဲလို့ သိရပါတယ်။

“မနက်ကတည်းက သွားနေကြတာ ဆိုင်ကယ်တွေနဲ့ ရူပ်ယှက်ကိုခတ်နေတာပဲ။စဖြစ်တုန်းက ရွာကလူတွေပဲရှိတာ ဒီနေ့မနက်ကျမှ မြို့ကလူတွေပါ ဆင်းလာကြတာ ဆိုင်ကယ်တွေနဲ့ အကုန်လုံးကလိုချင်တော့ စောင့်နေကြတာ လုပ်ကွက်ကလေးကတစ်ခုထဲ လူတွေကအများကြီးဆိုတော့ KNU တပ်တွေက ထိန်းထားတယ်လို့ပြောတယ်။”လို့ အဆိုပါကျေးရွာမှာနေထိုင်တဲ့ ဒေသခံမနော်ပဲက ပြောပါတယ်။

အဆိုပါကျေးရွာဟာ KNU ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် နယ်မြေခံရဲစခန်းတွေလည်း မရှိဘူးလို့ သိရပါတယ်။

“ရွှေထွက်တာကတော့ ၁၅ ရက်လောက်ရှိပြီ ပထမကလူလေးနှစ်ဆယ်လောက် နောက်ကျတော့ တစ်ဖြေးဖြေးသိကုန်လာကြတော့ များကုန်တာ “လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်းကပြောပါတယ်။

လက်ရှိမှာ ကျေးရွာမှဒေသခံပြည်သူအပါအဝင် ရွှေကျင်မြို့မှ ပြည်သူတွေကပါ အဆတ်မပြတ် ဆင်းလာနေကြတယ်လို့ သိရပါတယ်။
ဝင်းနန္ဒာ

#ကုမုဒြာ


သင်္ကြန်ပိတ်ရက် ၅ရက်ပဲသတ်မှတ် ဒီဇင်ဘာမှာပိတ်ရက်တိုးမည်

မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် ၅ ရက်
(သင်္ကြန် အကြို၊ အကျ၊ အကြတ်၊ အတက်၊နှစ်ဆန်းတစ်ရက်)
၁၃-၄-၂ဝ၁၇ မှ ၁၇-၄-၂ဝ၁၇ ထိ

သီတင်းကျွတ် ရုံးပိတ်ရက် ၃ ရက်
(အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်နေ့)
၄-၁ဝ-၂ဝ၁၇ မှ ၆-၁ဝ-၂ဝ၁၇ ထိ

တန်ဆောင်တိုင် ရုံးပိတ်ရက် ၂ ရက်
(အဖိတ်နေ့၊ လပြည့်နေ့)
၂-၁၁-၂ဝ၁၇ မှ ၃-၁၁-၂ဝ၁၇ ထိ

နှစ်သစ်ကူးရုံးပိတ်ရက်များ ၂ ရက်
၃ဝ-၁၂-၂ဝ၁၇ မှ ၃၁-၁၂-၂ဝ၁၇ ထိ

ဖြည့်စွက် ရှင်းလင်းချက် ။

(၁) New Year Eve ထုံးစံအရ ဒီဇင်ဘာ ၃၁ နှင့် ဇန်နဝါရီ ၁ ရက်နေ့များကို ပုံမှန် ရုံးပိတ်ရက်အဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။

(၂) ယခု ရုံးပိတ်ရက်များမှာ ၂ဝ၁၇ ပြက္ခဒိန်နှစ်အတွက် ဖြစ်ပြီး ၂ဝ၁၈ ပြက္ခဒိန်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှာ ရုံးပိတ်ရက် ဖြစ်လာပါမည်။
ပြည်ထောင်စုအစိုးရအဖွဲ့ထုတ်ပြန်ချက်


ပဲခူးတိုင်းအတွင်းက ပစ်ထားခဲ့တဲ့ရွှေတွင်းအဟောင်းနေရာမှာရွှေတွေတွေ့ရှိ ရွာသားရာနဲ့ချီပြီးရွှေဝင်တူး

ပဲခူးတိုင်းအတွင်းက ပစ်ထားခဲ့တဲ့ရွှေတွင်းအဟောင်းနေရာမှာရွှေတွေတွေ့ရှိ ရွာသားရာနဲ့ချီပြီးရွှေဝင်တူး


မတ်၁ဝ ရန်ကုန်။ ။ပဲခူးတိုင်းဒေသကြီး ဝင်းခလိန် အောင်ခလိန်ကျေးရွာရှိ ဘွက်မြောင်ဒေသမှာ ရွှေများတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

“အဲ့ဒီအကွက်က အရင်ကဝယ်ထားတဲ့လူက ရွှေမထွက်တော့ဘူးဆိုပြီး ပစ်ထားခဲ့တာ အခုရွာသားတွေကျင်တဲ့အခါကျတော့ ရွှေထွက်တော့ ခုပေးမဝင်တော့ဘူး ကျွန်တော်တို့လည်းပေးမဝင်ဘူး ထွက်တဲ့နေရာက ပေငါးဆယ်လောက်ရှိမယ်” လို့ ဝင်းခလိန်အောင်ခလိန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးလှဝင်းကပြောပါတယ်။


အဆိုပါနေရာကိုရွှေထွက်တယ်ဆိုတာဒေသခံရာနဲ့ချီပြီး လာရောက်တူးဖော်ခဲ့ကြပါတယ်။

လက်ရှိအခြေအနေမှာ အဆိုပါနေရာကို KNU တပ်မဟာ ၃ မှထိန်းချုပ်ထားပြီး ရွာသားနှစ်ရာကျော် သုံးရာနီးပါးက အဆိုပါနေရာမှာ စောင့်ဆိုင်းလျက်ရှိတယ်လို့ သိရပါတယ်။

Author/ဝင်းနန္ဒာ

#ကုမုဒြာ


ဖခင်ဖြစ်သူကညစဥ်သားမယားပြုကျင့်လို့ထောင်ဒဏ်နှစ် ၃ဝ ချ

သမီးဖြစ်သူကိုဖခင်ဖြစ်သူကညစဥ်သားမယားပြုကျင့်တဲ့မြောက်ဥက္ကလာပမြို့နယ်ကအမှု ပြစ်မှုကျူးလွန်ကြောင်းထင်ရှားလို့ အလုပ်နှင့်ထောင်ဒဏ် နှစ် ၃ဝ ချမှတ်လိုက်ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ၁၄ တရားခွင်တွင် ပြစ်မှုကြီးအမှု အမှတ် ၃၃၄/၂ဝ၁၆ နှင့် တရားလို ဒေါ်သန်းသန်းဝေ က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၇၇ဖြင့် ရွှေ ထွန်း(၄၁)နှစ်ကိုအရေးယူပေးဖို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကတရားစွဲဆိုတင်ပို့ခဲ့တဲ့အ မှုဖြစ်ပါတယ်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတာကြောင့် ပြစ်မှုကျူးလွန်သူ ရွှေထွန်း(၄၁)နှစ်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆(မုဒိန်းမှု)အရ အလုပ်နှင့်ထောင်ဒဏ် ၂ဝ နှစ်ကျခံ စေရန်နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇(သဘာဝနှင့်ဆန့်ကျင်သည့်ကာမရယူမှု)အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်ကျခံစေရန် အမှုစစ်တရားသူကြီးက ယနေ့အမိန့်ချပါတယ်။ ပြစ်ဒဏ်နှစ်ရပ်ကို သီးခြားစီကျခံစေရန်အမိန့်ချတာကြောင့်စုစုပေါင်းထောင်ဒဏ် နှစ်သုံးဆယ်ကျခံရမှာဖြစ်ပါတယ်။

လူမွန်

#ကုမုဒြာ


အိမ်သန့်ရှင်းရာက ငွေတုသိန်း၁၃ဝဝ တွေ့ရှိ

မြောက်ဒဂုံ ၄၇ ရပ်ကွက်တွင်အိမ်ငှားဖို့သန့်ရှင်းရေးလုပ်ရာက တစ်သောင်းတန်ငွေစက္ကူအတု သိန်း ၁၃ဝဝ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဥ်မှာ ယနေ့မတ်လ ၁ဝ ရက်နေ့မနက်ပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၇ ရပ်ကွက်၊ ရသာရုံလမ်းတွင် အိမ်ငှားတစ် ဦးပြောင်းသွားလို့နောက်ထက်အိမ်ငှားတင်ရန် အိမ်နီး ချင်းတစ်ဦးက အိမ်သန့်ရှင်းရေးဝင်လုပ်စဥ် နေအိမ်အိပ်ခန်းအတွင်း ကုတင်အောက်မှာ အမဲရောင် ကြွပ်ကြွပ်အိတ်နဲ့ထုတ်ထားတဲ့ မိုပြာရောင်အိတ်ထဲက တစ်သောင်းတန်ငွေစက္ကူတွေတွေ့လို့ သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးကို ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက်သိမ်းဆည်းစစ်ဆေးရာ တစ်သောင်းတန်၊ ဆယ်သိန်းအုပ်၊ ဆယ်အုပ်ပါ သိန်းတစ်ထောင်အစီး (၁၃) စီး စုစုပေါင်းငွေသိန်းတစ်ထောင့်သုံးရာကို တွေ့ရှိတာဖြစ်ပါတယ်။

တစ်သောင်းတန်အတုများတွေ့သည့်အခင်းဖြစ်အိမ်မှာ ယခင်က တစ်လကို ငွေရှစ်သောင်း ကျပ်ဖြင့် အိမ်ပွဲစား ဒေါ်မိမိအောင်က တစ်ဆင့် ဦးသိန်းကျော် (၂၇)နှစ် (ချင်းလူမျိုး) နိုင်ငံသားမှတ်ပုံ တင်အမှတ် …ကို ခြောက်လ ငှားရမ်းခဲ့နေထိုင်ခဲ့ပြီး အိမ်ငှားဖြစ်သူ ဦးသိန်းကျော်ဟာ ၂ဝ၁၇ ခု နှစ် ဖေဖော်ဝါရီလ ကပတ်ဝန်းကျင် နေအိမ်များကိုနုတ်ဆက်ကာ အိမ်ပြောင်းသွားကြောင်းသိရတယ်။
လူမွန်

#ကုမုဒြာ


ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ငှက် ၅ဝ,ဝဝဝ ကို တောင်ကိုရီးယား သုတ်သင်

သုတ်သင်ခဲ့တဲ့ ကြက်ငှက်ကောင်ရေဟာ ၃၅ သန်းနီးပါးအထိ ရှိလာခဲ့ပါတယ်။

ဆိုးလ်၊ မတ် ၈ - ဗုဒ္ဓဟူးနေ့က ကြက်ငှက်တုပ်ကွေးကူးစက်ခံရမှု နှစ်ခုဖြစ်ပွားတယ်လို့ အတည်ပြုလိုက်ချိန်မှာတောင်ကိုရီးယားအစိုးရ ဟာ မွေးမြူရေး ကြက်ငှက် ၅ဝ,ဝဝဝ ကို သုတ်သင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ပထမဆုံး ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုအ တည်ပြုပြီးနောက်ပိုင်း သည်ဆောင်းတွင်းမှာ သုတ်သင်ခဲ့တဲ့ ကြက်ငှက်ကောင်ရေဟာ ၃၅ သန်းနီးပါးအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားကြက်ခြံတွေမှာ မွေးမြူထားတဲ့ ကြက်ငှက် အရေအတွက်ရဲ့ ငါးပုံတစ်ပုံကျော်နဲ့ညီမျှပါတယ်။

ဆိုးလ်မြို့မြောက်ပိုင်းက မွေးမြူရေးခြံတစ်ခြံမှာ H5N6 မျိုး စိတ်ကို တွေ့ရှိခဲ့တာဖြစ်ပြီး  နိုင်ငံအနောက်တောင်ပိုင်းကဘဲခြံတစ်ခြံမှာလည်း H5N8 ရောဂါပိုးကိုတွေ့ရှိခဲ့တယ်လို့ စိုက်ပျိုးမွေးမြူရေး၊ အစားအစာနှင့်ကျေးလက်ဒေသ ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အဆိုးရွားဆုံးသော ကြက်ငှက် တုပ်ကွေးရောဂါပျံ့နှံ့မှုကို တိုက်ဖျက်နေရတဲ့ နိုင်ငံအတွက်ရောဂါ ဖြစ်ပွားမှုအသစ်တွေဟာ တောင်ကိုရီးယားကို အထိနာစေပါတယ်။ ဇန်နဝါရီလ နှောင်းပိုင်းမှာ ရောဂါပြန့်ပွားမှုနှုန်းကျဆင်းသွားပုံရပါ တယ်။

ဖေဖော်ဝါရီ၂၂ အထိ တောင်ကိုရီးယားမှာ ကြက်ငှက်တုပ်ကွေး ရောဂါ နောက်ထပ်ကူးစက်ခံရတာမတွေ့ရပါဘူး။ အဲသည်နေ့မှာ ဘဲခြံတစ်ခြံမှာတော့ H5N8 ကူးစက်နေတယ်လို့အတည်ပြုခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံတွင်း ရောဂါကူးစက်မှု ၁၃ ခုရှိခဲ့တယ်လို့သ တင်းထုတ် ပြန်ခဲ့ပါတယ်။

Author – မအေးသီမွန်
[ref: Reuters, Mar 8, 2017.]

#ကုမုဒြာ


လွှတ်တော်ကိုယ်စားလှယ်တွေ စည်ပင်ဧည့်ရိပ်သာမှာတည်းခိုခ ပေးရန် ကျပ်သန်း ၂ဝ ကျန်ရှိနေ

နေပြည်တော်၊ မတ် ၁ဝ ရက်။ ။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မရှင် အဖွဲ့ဝင်များ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုခန်းခ ပေးချေရန်ကျပ်သန်းပေါင်း ၂ဝကျော်ကျန်ရှိသဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် လွှတ်တော် ထံသို့ ယခုဘဏ္ဍာနှစ် မကုန်မီပေးသွင်းဘို့ နှိုးဆော်စာပေးပို့ထားတယ်လို့ သိရပါတယ်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ ပေးသွင်းနိုင်ရေးနှင့် အခန်းငှားရမ်းခ ကြွေးကျန်များ လွှတ်တော်ရပ်နားချိန်တွင် ဆက်လက်မကျန်ရှိစေရေး အတွက်တောင်းခံခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ကြွေးကျန်သည့် စာရင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၇၅ဦး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၄၃ဦး နဲ့ ကော်မရှင် အဖွဲ့ဝင် ၁၄ဦးတို့ က စုစုပေါင်းကြွေးကျန်ငွေမှာ ကျပ်သန်းပေါင်း နှစ်ဆယ်ကျော် ပေးသွင်းဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာ(၂)တွင် တည်းခိုနေထိုင်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးတက်ရောက်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ကော်မရှင် အဖွဲ့ဝင်များဟာ ၁၄.၂.၂ဝ၁၇ ရက်နေ့ အထိ အခန်းခအကြွေးများ ယခု ဘဏ္ဍာရေးနှစ်မကုန်ဆုံးမှီ ပေးသွင်းရန်အတွက် လွှတ်တော်သို့ တင်ပြမှုများပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။

“ နိိုးဆော်တဲ့ အချိန်က ဖော်ဖော်ဝါရီ ၁၄ရက်နေ့ကဖြစ်ပါတယ်။ ထည့်ဝင်ဖို့ အတွက်ကို နှိုးဆော်တဲ့ စာရင်းကို လွှတ်တော်ကို ပေးပို့လာတာဖြစ်ပါတယ်။ ပေးပို့ရင်းနဲ့ လွှတ်တော်က ကောက်ခံပေးပါဆိုပြီးတော့ ပေးပို့တဲ့ အချိန်မှာ စာက မတ်လ၆ရက်နေ့မှရောက်သွားတယ်။ အဲ့ကြားထဲမှာ လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက လကုန်တဲ့ အချိန်မှာ ဒါတွေ သွင်းပြီးနေတာ ဖြစ်တဲ့ အတွက် သွင်းပြီးသားကိုယ်စားလှယ်တွေရဲ့ သိက္ခာ ထိခိုက်မှုတွေ ရှိတယ်ဆိုပြီး ကိုယ်စားလှယ်အချို့က စိုးရိမ်နေကြတာ ဖြစ်ပါတယ် “ လို့ နေပြည်တော်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ နေထိုင်တဲ့ စည်ပင် ဧည့်ရိပ်သာရဲ့ အခန်းခနှုန်းမှာ တစ်ရက်ကို ၅ဝဝဝ ကျပ်ဖြစ်ပြီး တစ်လချင်းပေးသွင်းရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Author မိုးမိုး

#ကုမုဒြာ


တစ်နှစ်သားအစိုးရကို ဝေဖန်နေကြတာ ဘယ်လိုအချက်တွေကြောင့်လဲ

လူထုအသံနားထောင်ပြီး ပြုပြင်သင့်တာကို ဒီမိုကရေစီအစိုးရအနေနဲ့ ဖော်ဆောင်ဖို့လိုတယ်။

နေပြည်တော်၊ မတ် ၈ - ဝန်ကြီးဌာန ပိုင်းဆိုင်ရာမှာ အဂတိလိုက်စားမှုကို သိသာအောင် မလျှော့ချနိုင်တာနဲ့ မတိကျမပြတ်သားတဲ့ မူဝါဒအလွဲအမှားတွေကြာင့် တစ်နှစ်သားအစိုးရကို ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

အနီကတ်များရင်

အစိုးရအဖွဲ့လို့ဆိုရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ဆိုပြီး ခွဲခြားထားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ မပြောင်းလဲတာတွေမှာဆိုရင် အဂတိတရားကင်းစင်တဲ့အစိုးရ ဖြစ်ရမယ်ဆိုတဲ့ ဖော် ဆောင်မှုကို ပြည်သူတွေသိသာ ထင်ရှားအောင် မခံစားရသေးတာ ဖြစ်ပါတယ်။

ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက “အခု ပထမတစ်နှစ်ကတော့ လုပ်စလို့ပဲပြောပြော စိန်ခေါ်မှုများလို့လို့ပဲပြောပြော၊ ဘယ်လိုပြောပြော အောင်မြင်မှုအလွန်အားနည်းတယ်၊ ဒုတိယနှစ်မှာ ဘယ်လို လုပ်မလဲ၊ ဒါကိုတော့ လေ့လာ သုံးသပ်ဖို့ လိုတာပေါ့”လို့ ဆိုပါတယ်။

သူကဆက်ပြီး ‘တစ်ခုတော့ သတိထားဖို့လိုတယ်၊ အဝါကတ် နှစ်ခါမှားရင် အနီကတ်ဖြစ်တတ်တယ်၊ ဒါကြောင့် ခဏခဏမှားလို့မဖြစ်ဘူး၊ အဝါကတ်ပြရတာများ ရင်၊ အနီကတ်တွေများလာရင်လဲ ပိုပြီးတော့ အခက်အခဲဖြစ်တတ် တယ်˘လို့ ပြောတယ်။

သည်လိုဝေဖန်မှုတွေ မြင့်တက်လာရတာဟာ ဝန်ကြီးဌာန ခေါင်းဆောင်တွေရဲ့တိကျပြတ် သားတဲ့မူဝါဒမရှိသလိုဝန်ထမ်းတွေကို ကိုယ်သွားချင်တဲ့ လမ်းကြောင်းပေါ် ဆွဲမခေါ်နိုင်ဘဲ ပြတ်သားတဲ့အရေးယူမှုအားနည်းလာ တာကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အခုအစိုးရတက်ခါစကသာ ပြောင်းလဲသယောင်ဖြစ်လာတဲ့ အောက်ခြေဝန်ထမ်းတချို့ရဲ့ လာဘ်စားမှုက ယနေ့အချိန်မှာတော့ အရင်အတိုင်းပဲလို့ ပြည်သူ တွေကြားမှာ ပြောလာကြပါတယ်။ ပြည်ထောင်စုဝန်ကြီးနဲ့ဝန်ကြီးချုပ် တွေကို အနိုင်ရပါတီက ရွေးချယ် ခန့်အပ်ခဲ့ပေမဲ့ ကျန်အောက်ပိုင်း လူတွေအများစုကတော့ အရင် အ တိုင်း ခရီးဆက်ကြတာပါ။ ဝန်ကြီးဌာနတွေရဲ့ဖွဲ့စည်းပုံကို အနည်းငယ်ပြင်ပြီး ရှေ့ဆက်ကြ ရတဲ့အခါ သည်ဝန်ထုပ်ဝန်ပိုးတွေဟာ လက်ရှိအစိုးရအပေါ်မှာ အမွေအနေနဲ့ ဆက်ပြီးတော့ ခံစားနေရပါတယ်။

မင်္ဂလာဒုံမဲဆန္ဒနယ်အမတ် ဦးအောင်လှိုင်ဝင်းက “ဘယ်အဖွဲ့အစည်းမှ မနစ်နာအောင် အစိုးရက စU်းစားတဲ့အခါမှာ အပြောင်းအလဲ လုပ်ဖို့ တော်တော်လေးကို အခက် အခဲဖြစ်သွားတယ်ပေါ့၊ ဘယ်သူ့ မျက်နှာမှမကြည့်ဘဲ လုပ်မယ်ဆို ရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်၊ ခုဟာက ဝန်ထမ်းမျက်နှာငဲ့ရတာရှိတယ်၊ လူတိုင်းပါဝင်တဲ့အပြောင်း အလဲတစ်ရပ်ကို စဥ်းစားတဲ့အခါ မှာ အကုန်လုံးမျက်နှာကိုငဲ့ရတဲ့အခါ တော်တော်ကြီးကို  အခက်အခဲ ကြုံတွေ့ရသလို ဖြစ်နေပါတယ်၊ ဒါက တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

အရင်ခရီးမသွားပါနဲ့

အစိုးရသက်တမ်းထက်ဝက် ကျော်လာချိန်မှာတော့ အာဏာရ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးဝင်းထိန်က အတွင်းဝန်တွေ၊ အမြဲတမ်းအတွင်းဝန်တွေ ၊ DG တွေ၊ MDG တွေ ပညာပြနေတယ်လို့ ပြောပါတယ်။ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာက တော့ အုပ်ချုပ်ရေးအတွက် စိန်ခေါ်နေပါတယ်။

‘ဒီပညာပြနေတယ်ဆိုတာကို ဘယ်လောက်ပြုပြင်ပြောင်းလဲနိုင် မလဲဆိုတဲ့အနေအထားပေါ်မှာ မူ တည်ပြီးတော့ပဲ အခြေအနေက ပြောင်းလဲသွားနိုင်မယ်”လို့ ဆိပ်ကြီး ခနောင်တို မဲဆန္ဒနယ်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က ပြော တယ်။

လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ ဖြစ်ပေါ်လာတဲ့ အင်န်အယ်လ်ဒီပါတီရဲ့မူဝါဒက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အစိုးရသစ်လက်ထက်မှာ မှန်မှန် ကန်ကန်သာလုပ်ရင် အလုပ်ပြုတ် စရာအကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

ခေါက်ရိုးကျိုးခဲ့တဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ အစိုးရစတင်ခါစကတော့ ခေါင်းဆောင်တွေရဲ့ကိုင်တွယ်မှုစွမ်းရည်ကို အကဲခတ်နေခဲ့ တဲ့ကာလတစ်ဖြတ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သည်ကာလက အစိုးရသက်တမ်း ရှစ်လလောက်နီးပါး မှာတော့ အရင်ခေါက်ရိုးကျိုးအတိုင်း ပြန်ဖြစ်သွားတယ်။ အစိုးရက အောက်ခြေလုပ်ငန်းတွေလုပ်ဆောင်ရမှုမှာ ဘာမှမပြောင်းလဲဘူးလို့ လူထုက သုံးသပ်လာကြပါတယ်။

အစိုးရဝန်ထမ်းတွေ အဂတိလိုက်စားရင် တိုင်ကြားဖို့ အစိုးရက တိုက်တွန်းခဲ့ပေမဲ့ ပါဝင်ရမယ့်အချက်အလက်တွေက လူထုတိုင်တန်းနိုင်ဖို့ မလွယ်ကူပါဘူး။ ပစ်စာသဘောမျိုးမဖြစ်ရဘူးလို့ဆိုပေမဲ့ အချက်အလက်နဲ့တိုင်တန်းလည်း မထူးခြားတာကြောင့် တိုင်တန်းရ မှာကိုလည်း စိတ်ကုန်လာကြပြီ ဖြစ်ပါတယ်။

တိုင်ကြားမှုတွေကို ဖြေရှင်းမပေးလို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲရန်ကုန်မှာ နေထိုင်သူ၁၅ ဦးခန့်ကနိုင်ငံတော်သမ္မတရုံး ရုံးစိုက်ရာ နေပြည်တော်မှာဆန္ဒထုတ်ဖော်ကြပါတယ်။

သတိပြု

‘အုပ်ချုပ်နေသူတွေအနေနဲ့ လူထုအသံနားထောင်ပြီး အား နည်းချက်ကို ထောက်ပြပြောဆိုမှုကို ဒေါသမဖြစ်ဘဲနဲ့ သူ့ရဲ့ပြော ကြားချက်ထဲကနေ ကိုယ်ပြုပြင်သင့်တာကို ဒီမိုကရေစီအစိုးရအ နေနဲ့ ဖော်ဆောင်ဖို့လိုတယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက်နား နားထောင်ပြီးတော့ ဥပဒေဘောင်ရဲ့ ပြင်ပရောက်ပြီးတော့ ကိုယ်ကြိုက်တာတွေ ကိုယ်လုပ်နေကြရင် သူက အာဏာရှင်ဖြစ်သွားတတ်တယ်၊ ဒီအချက်ကို တော်တော် လေးကို သတိပြုပြီး လုပ်ရမယ့်အချိန်ကို ရောက်နေပြီ”လို့ ဦးတင်မောင်ဦးက ဆိုပါတယ်။

အခုအစိုးရလက်ထက်မှာ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူ့တာဝန်ကျေ အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပါတယ်။ လာဘ်ပေးရရင် အ ချက်အလက်နဲ့တိုင်ပါဆိုလို့ ပေးရတာကို ဓာတ်ပုံနဲ့တကွ လူမှုကွန် ရက်တင်ပြီး ပြောခဲ့ပေမဲ့ အစိုးရဆီကတော့ အရေးယူပြီးပြီဆိုတဲ့အ သံ မကြားခဲ့ရဘူးလို့ ဆိုပါတယ်။

အရေးယူမှုအားနည်းတာကလည်း အဂတိလိုက်စားသူတွေ အရင်အတိုင်းဆက်လုပ်ခွင့်ပေးနေသ လိုဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်က အရေးယူမှုမျိုးဖြစ်တဲ့ ပြစ်မှုတွေ့ရင်နယ်ကို ရွှေ့ပြောင်းပစ်တယ်ဆိုတာကဝန်ထမ်းတွေကို နေရာပြောင်းပြီး လုပ်စားခွင့်ပေးလိုက်တာသာ ဖြစ်တယ်လို့ ဝန် ထမ်းလောကမှာ ပြောနေကြပါ တယ်။

လာမယ့်နှစ် အောင်မြင်ချင်ရင်တော့ မလုပ်ရဲမကိုင်ရဲနဲ့မှိန်းပြီး သွားနေလို့မရဘဲ မဲပေးတဲ့အခြေခံလူတန်းစားတွေရဲ့ဘဝတိုးတက်ကောင်းမွန်အောင်ဘယ်လိုတွန်းတင်မလဲ၊ အပြောင်းအလဲမှာ ဝန်ထမ်းတွေ ပါလာအောင် ဘယ်လို လုပ်မလဲဆိုတဲ့နည်းလမ်းကို ရှာဖွေကျင့်သုံးမှသာ ရှေ့ခရီးရောက်မှာ ဖြစ်ပါတယ်။

Author  ချိုဇင်မာဝင့်

#ကုမုဒြာ


နဂါးလေးကို မူးယစ်ဆေးမှုအတွက် အရှေ့ပိုင်းခရိုင်တရားရုံးကို တရားစွဲတင်ပို

ရန်ကုန် မတ်လ ၁ဝ –  ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ဘုန်းကြီးကျောင်းကွေ့မှာ ရဲတပ်ဖွဲ့ဝင်များ သေနတ်နဲ ပြစ်ခတ် ဖမ်းစီးခဲ့ရတဲ့ လူမိုက်ခေါင်းဆောင် နဂါးလေးကို မူယစ်ဆေးဝါးမှုနဲ့အရှေ့ပိုင်းခရိုင်တရားရုံးကို ယနေ့တရားစွဲတင်ပို့ပါတယ်။ “ အပြေးမှုနဲ့ထားတဲ့ ပုဒ်မအတိုင်းဘဲ မူးယစ်ဆေးဝါးမှုနဲ့စွဲမှာပါ ”ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခနး်က ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖြစ်စဥ်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂ဝ ရပ်ကွက်လှော်ကားလမ်း နဲဥသဘုရားလမ်းဆုံမှာ မူးယစ်ဆေးဝါးမှု၊လုယက်မှုများနဲ့ရဲတပ်ဖွဲ့ကအလိုရှိတဲ့တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်ကိုသ တင်းအရ လိုက်လံဖမ်းစီးရာ အဖမ်းမခံဘဲ ကားနဲ့တိုက်ထွက်ပြေးလို့ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခတ် ဖီးစီးရာ ဖမ်းမမိခဲ့သူဖြစ်ပါတယ်။

လွတ်သွားတဲ့ နဂါးလေးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုခင်းအကူဌာနက လိုက်လံစုံစမ်းဖမ်းစီးရာ မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊မကျီးချောငး် ၄ ရပ်ကွက်ရှိ သူ့ရဲ့အဒေါ်တော်စပ်သူ နေအိမ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖမ်းစီးရမိသူဖြစ်ပါတယ်။ လုယက်မှုနဲ့ပတ်သတ်ပြီး လမ်းမတော်မြို့နယ်တရားရုံးမှာ နဂါးလေး(ခ) အောင်နိုင်မြင့်ကိုယခု လ ပထမပတ်က ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

မူးယစ်မှု၊ လုယက်မှုနဲ့ရဲတပ်ဖွဲ့ကဖမ်းစီးခဲ့တဲ့ န ဂါးလေး(ခ)အောင်နိုင်မြင့်ဟာ တရားလွတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံဖို့ငွေပေးစေခိုင်းခံရသူတစ်ဦး ဖြစ်ခဲ့ပြီး ငွေသိန်း၂ဝဝ နဲ့ကားတစ်စီးယူပြီးမှ လုပ်ကြံမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်တယ်လို့ ဦးကိုနီလုပ်ကြံခံရမှုသတင်းစာရှငး်လင်းပွဲမှာ ရဲချုပ်ဇော်ဝင်းကပြောခဲပါတယ်။

နဂါးလေး(ခ)အောင်နိုင်မြင့်ကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့မရဲစခန်းက (ပ)၁၃/၂ဝ၁၆ မူးယစ်ဆေး ဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရှေ့ပိုင်းခရိုင် တရားရုံးကိုတရားစွဲတင်ပို့မှာဖြစ်ပါတယ်။ လမ်းမတော်မြို့မရဲစခန်းက (ပ)၉/၂ဝ၁၆ ရာဇသတ်ကြီးဥပ ဒေပုဒ်မ ၃၈၆/၃၂၃/၁၁၄ နဲ့တရားစွဲဆိုထားပါတယ်။

Author လူမွန်

#ကုမုဒြာ


Wednesday, March 8, 2017

အမြန်လမ်းတွင် အမျိုးသမီးတစ်ဦးကို ခရီးသည်တင်ယာဥ် ဝင်တိုက်၍ သေဆုံး၊ ခရီးသည်ငါးဦးဒဏ်ရာရ

မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၃ မိုင် နှစ်ဖာလုံအ ကျော်တွင် ချောက်မြို့မှရန်ကုန်သို့ ပြေးဆွဲနေသော ခရီးသည်တင်မှန် လုံယာဥ်တစ်စီးသည် လမ်းဖြတ် ကူးသည့်အမျိုးသမီးကို တိုက်မိခဲ့ သဖြင့် သေဆုံးပြီး ယာဥ်ပေါ်ပါ ခရီးသည်ငါးဦး ဒဏ်ရာရခဲ့ ကြောင်း သတင်းရရှိသည်။

မတ်လ ၇ ရက်နံနက် ၁ နာရီခန့်တွင် အောင်ဇေယျခရီး သည်တင်ယာဥ်သည်ချောက်မြို့ မှ ရန်ကုန်သို့မောင်းနှင်လာစဥ် မိုင်တိုင်အမှတ် ၂၇၃ မိုင်အကျော် ၌ လမ်းဖြတ်ကူးသည့် အမျိုးသမီး တစ်ဦးကို ကားဖြင့်တိုက်မိခဲ့ ကြောင်း အမြန်လမ်း ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသမီးကို ဝင်တိုက်မိပြီး နောက် လမ်းလယ်ကျွန်းကိုထပ်မံ တိုက်မိသဖြင့် ယာဥ်မောင်းအပါ အဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘ကားက သီးကုန်းမှာတစ်ခါ နားပြီးတော့ ထွက်လာတာမကြာ သေးဘူး။ ဒီတော့ ခရီးသည်တွေ ကလည်း အိပ်မပျော်သေးဘူး။ ကားတိုက်မိတဲ့အချိန်မှာ ကားမှာ ရှိတဲ့ တန်းတွေခုံတွေကိုင်ထားမိ တော့ ဒဏ်ရာရသူ နည်းပါတယ်။ အိပ်ပျော်နေတဲ့သူများရင်တော့ ထိခိုက်မှုပိုများနိုင်ပါတယ်’’ ဟု ၎င်းကပြောသည်။

ယာဥ်ပေါ်ပါခရီးသည်အမျိုး သမီးတစ်ဦးနှင့် အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိတ္ထီလာ ဆေးရုံတွင် တက်ရောက်ကုသ နေကာ ယာဥ်မောင်းဖြစ်သူကို ပေ ပင်လမ်းအမြန်လမ်းရဲစခန်းမှ အ ရေးယူထားကြောင်း သိရသည်။

‘‘ကားတိုက်ခံရတဲ့အမျိုးသ မီးက စိတ်ရောဂါဝေဒနာရှင်တစ် ဦးပါ။ ကားလမ်းကိုဖြတ်ပြေးနေ တယ်လို့မြင်တဲ့သူတွေက ပြော တယ်။ ဘယ်ကနေပြီး ဘယ်လို ရောက်လာလဲဆိုတာတော့ မသိရ သေးပါဘူး။ အလောင်းကိုတော့ မိတ္ထီလာဆေးရုံကို ပို့ဆောင်ထား ပါတယ်’’ဟု ၎င်းကပြောသည်။

#7DN